Friday, January 14, 2011

Fwd: ဟာသလေးများ

ရယ်ချင်ရင် ရယ်လိုက်ကြ

တခါတုန်းက ရန်ကုန်ဘူတာကြီးမှာ ခရီးသည်လေးဦးတို့ဟာ ရထားအထွက်နောက်ကျသည်နှင့် ၀ိုင်းဖွဲ့စကားလက်ဆုံကျနေသတဲ့၊ သူတို့စကားပြောရင်း မိသားစုအရေးဆီရောက်သွားပြီး သားသမီး အကြောင်းဂုဏ်ယူကြွားဝါကြသတဲ့၊ပထမခရီးသည် (ရေတပ်ဗိုလ်ချုပ်) -    ကျုပ်က သားတစ်ယောက် သမီးနှစ်ယောက်ရှိတာ အားလုံး ဆရာဝန်တွေဖြစ်နေကြပြီ၊ဒုတိယခရီးသည်(လေတပ်ဗိုလ်ချုပ်) -  ကျုပ်က သားချည်းဘဲ သုံးယောက်ရှိတာ သုံးယောက် စလုံး  တပ်  ထဲ မှာ အရာရှိကြီးတွေဖြစ်နေ ကြပြီ၊တတိယခရီးသည်( ကြည်းတပ်ဗိုလ်ချုပ်) - ကျုပ်မှာ သမီးသုံးယောက်သားတစ်ရှိတာ၊သားက - တပ်ထပ်မှာဗိုလ်မှူး  သမီးနှစ်ယောက်က   ဆရာဝန် တစ်ယောက်က ရှေ့နေ ဖြစ်နေ ပြီဗျ။
မထမခရီးသည် - စတုထခရီးသည်ဘက်လှည့်၍၊        ၊ ဟိုဘက်က အကိုကြီး ငြိမ်လှချည်းလား ဆိုပါဦးဗျ။စတုထခရီးသည် (—————)      ကျုပ်ကတော့ အိမ်ထောင်မကျသေးပါဘူးဗျာ။ ဒါပေမဲ့ သားသုံးယောက်ရှိတယ်ဗျ။ အားလုံးဗိုလ်ချုပ်တွေဖြစ် နေ ကြပြီ၊

 

 

 

စာကြည့်မျက်မှန်


တောနယ်လေးတစ်ခုတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သော ဦးကြီးတစ်ဦးသည် စာမဖတ်တတ်ပေ။ သူ့ခြံနှင့် အနီးအနားတွင် အငြိမ်းစားယူပြီး လာရောက်နေထိုင်သော ဆရာဝန်ကြီးတစ်ဦးလည်းရှိသည်။ တစ်နေ့တွင် အဝေးရောက်နေသော သားထံမှ စာတစ်စောင်ရောက်လာရာ ဆရာဝန်ကြီးအိမ်သို့ ယူဆောင်၍ ဖတ်ရှုပေးရန် အကူအညီတောင်းလေသည်။ ဆရာဝန်ကြီးက စာဖတ်ရန်အတွက် စာကြည့်မျက်မှန်လေးကို ယူကာ စာဖတ်ပေးလေသည်။

သားထံမှ စာလာပြီးတစ်ပတ်အကြာတွင် ဦးကြီးသည် မြို့ကြီးသို့ဈေးဝယ်ထွက်လာရာ မျက်မှန်ဆိုင်တစ်ဆိုင်ကို တွေ့လေသည်။ စာကြည့်မျက်မှန်ကို လိုချင်ကြောင်းပြောရာ အရောင်းစာရေးက စာကြည့်မျက်မှန်မျိုးစုံကို ထုတ်ပြလိုက်သည်။ ဦးကြီးသည် မျက်မှန်မျိုးစုံကို စမ်းသပ်တပ်ဆင်ကာ စာဖတ်ကြည့်လေသည်။ မည်သည့်မျက်မှန်ကိုမျှ အကြိုက်မတွေ့ပေ။ မျက်မှန်ရောင်းသူပင် မျက်စိနောက်လာ၍ " ဦးကြီး စာကြည့်မျက်မှန်ဝယ်တာတော့ ဟုတ်ပါပြီ။ စာမတတ်ဘဲ စာကြည်မျက်မှန်ဝယ်ရင်တော့ ဘာမှ အသုံးမ၀င်ဘူးခင်ဗျ " ဟုဆိုလိုက်ရာ ထိုဦးကြီးတုံ့ပြန်လိုက်ပုံမှာ … " မင်းနှယ်ကွာ မျက်မှန်ပါရင် စာဖတ်လို့ရတာ ငါအသိဆုံးပါကွာ တောသားမို့ ပညာမပြချင်စမ်းပါနဲ့ကွာ" ဟုဆိုလိုက်ရာ မျက်မှန်ရောင်းသူမှာ ပါးစပ်အဟောင်းသားနှင့်သာ ကြည့်နေလေတော့သည်။

Dec 03

မသိခြင်း


ကားပစ္စည်းများ ထုတ်လုပ်သော စက်ရုံတစ်ခုတွင် အကြီးအကဲတစ်ဦးက လုပ်ငန်းခွင်သို့ လာရောက်လေသည်။ စက်ရုံအတွင်းလိုက်လံ ကြည့်ရှုနေစဉ် လူငယ်တစ်ယောက်က မည့်သည့်အလုပ်မျှမလုပ်ဘဲ ရပ်နေသည်ကိုတွေ့လေသည်။

အကြီးအကဲစိတ်အနှောက်အယှက်ဖြစ်သွားလေသည်။ အလုပ်ချိန်အတွင်း ရေသာခိုသော အလုပ်သမားမျိုး သူ့လုပ်ငန်းခွင်တွင် ရှိမနေစေချင်။ လူငယ်ကိုလည်း အခက်မတွေ့စေချင်ပေ။

ထိုလူငယ်ထံ ဦးတည်သွားကာ မေးလိုက်သည် ….

မင်းအလုပ်ချိန်မှာ ဘာကိုရပ်စောင့်နေတာလည်း ?

ကျွန်တော် အမြဲပဲစောင့်နေကြပါ …

အလုပ်ချိန်မှာ အလုပ်လုပ်တာပဲကောင်းတယ် … ဟိုလူဒီလူကိုစောင့်ရတာ အလုပ်နှောင့်နှေးတယ်ကွာ … မင်းလစာရောဘယ်လောက်ရလဲ …

ကျွန်တော် လစာ ၂၀၀၀ ရပါတယ်ခင်ဗျာ…

ဤ လူငယ်မျိုး ရှိနေခြင်းသည် အလုပ်၏ ငွေများကို အကြောင်းမဲ့ ဖြုန်းတီးနေခြင်းဟု အကြီးအကဲက ယူဆကာ …

ဒီမှာ မင်းအတွက် ချက်လက်မှတ်ရေးပေးလိုက်တယ် သုံးလစာ ငွေ ၆၀၀၀ … မင်းဒီမှာဆက်လုပ်ဖို့ မလိုတော့ဝူး … မင်းသွားနိုင်ပြီ ဆိုကာ လူငယ်အားထွက်သွားစေသည် …

လူငယ်သွားပြီး မကြာမီပင် မန်နေဂျာရောက်ရှိလာသည် … အကြီးအကဲက မန်နေဂျာအား ၀န်ထမ်းများခန့်ထားရာတွင် အလုပ်ကို အလုပ်နှင့်တူအောင်လုပ်သော ၀န်ထမ်းများကိုသာ ခန့်ထားရန် … အလုပ်မလေးစား ပျင်းရိသူများကို အလုပ်မှာရပ်စဲရန်လိုကြောင်း …

ယခုပင် တာဝန် မလေးစားသော ၀န်ထမ်းတစ်ဦးကို အလုပ်မှ ရပ်စဲလိုက်ကြောင်း မန်နေဂျာအားပြောကြားလေတော့သည်။

မန်နေဂျာက မည်သူ့ကို အလုပ်မှ ရပ်စဲလိုက်သနည်း သိလို၍ အကြီးအကဲအားမေးလိုက်သော အခါ … အနီရောင်ဝတ်စုံဝတ်ထားသော လူငယ်ဖြစ်ကြောင်း ပြောပြလေသည် ။

မန်နေဂျာမှာ အံအားသင့်ကာ အကြီးအကဲအား ထိုလူငယ်မှာ အလုပ်အတွက် မှာထားသော ပီဇာ လာပို့ပေးသူ သာဖြစ်ကြောင်း ရှင်းပြသောအခါ အကြီးအကဲမှာ အရုပ်ကြိုးပြတ်မတတ် ဖြစ်လေတော့သည်။


စကားလုံးတွေရဲ့ နေရာ


သတင်းစာကြော်ငြာလေးတွေကို ဖတ်ရင်းနဲ့ (၁၀)တန်းသဒ္ဒါသင်ခန်းစာမှာ သင်ခဲ့ရတဲ့ စကားလုံးအထားအသို သင်ခန်းစာလေးကို ပြန်တွေးမိပါတယ်။ စကားလုံး၊ စကားစုတွေနေရာမှားနေတာကို ပြင်ဖို့ကြိုးစားရင်းနဲ့ နောက်ဆုံး ဘယ်လိုရလဒ်ဖြစ်သွားလဲဆိုတာ အောက်က ကြော်ငြာလေးကိုဖတ်ကြည့်နိုင်ပါတယ်

MONDAY:

For sale – David has a sewing machine for sale. Phone: 6111 1111 after 7PM and ask for Mrs. Evon who lives with him cheap.

TUESDAY:

Notice: We regret having erred in David's ad yesterday. It should have read, "One sewing machine for sale cheap. Phone 6111 1111 and ask for Mrs. Evon, who lives with him after 7PM".

WEDNESDAY:

Notice: David has informed us that he has received several annoying telephone calls because of the error we made in the ad yesterday. The ad stands correct as follows: "For sale – David has a sewing machine for sale: Cheap. Phone 6111 1111 after 7Pm and ask for Mrs. Evon who loves with him."

THURSDAY:

Notice: I, David, have no sewing machine for sale. I smashed it. Don't call 6111 1111 as I have had the phone disconnected. I have not been carrying on with Mrs. Evon. Until yesterday, she was my housekeeper but she quit!


Different types of Computer


Macs are for those who don't want to know why their computer works.
Linux is for those who want to know why their computer works.
DOS is for those who want to know why their computer doesn't work.
Windows is for those who don't want to know why their computer doesn't work.


သက်သေ



အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ကလေးတစ်ဦးက လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
" မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း" ဤသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ထိုကလေးက နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"


ပါသွားတယ်


ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာမက

ဆရာမ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာမ ။ ဖြစ်မှ ဖြစ်ရလေကွာ…..ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာမ

--

No comments:

Post a Comment