Sunday, September 19, 2010

ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ


" မှတ်ချက်....အောက်ပါ ပိုစ့်တွင် အမျိုးသမီး ဟုဆိုသည့်နေရာတွင် အမျိုးသမီးနှင့်လိင်အဂ်ါအစိတ်အပိုင်းများတူချင်သူ ( အမျိုးသား Gay )
ကိုအဓိကဆိုချင်းဖြစ်သည်....သို့သော်လည်း တင်ရင် မလှမပ သို့မဟုတ်
မရှိမပြည့်သော် အမျိုးသမီးကိုလည်းဆိုလိုခြင်းဖြစ်ပါသည်....."

http://www.slapupsidethehead.com/wp-content/media/2007/08/city-hall-gay-pride-flag.jpg

အမျိုးသမီးများအနေနဲ့ ကိုယ့်ကိုယ်ကို ပိုမိုလှစေရန်အတွက် ဟိုမုန်းဆေးများ သောက်ခြင်း၊ ထိုးခြင်းများကို လုပ်တတ်ကြပါတယ်။
ဟိုမုန်းကုထုံးများဟာ များသောအားဖြင့် ပုံမှန် နာမကျန်း ဖြစ်ခြင်းကြောင့်
ဆေးကုသခြင်းများထက် ကုန်ကျစရိတ် များတတ်ပါတယ်။ ဒီလို ကုန်ကျစရိတ်
များခြင်းကြောင့် တခါတရံမှာ အမျိုးသမီးများဟာ မိမိတို့စိတ်ကြိုက်
ဆေးများသောက်ခြင်းနဲ့ အရည်အချင်း မပြည့်မီတဲ့ ကုသမှုတွေ ခံယူတာမျိုးတွေ
လုပ်လာကြပါတယ်။ မိမိစိတ်ကြိုက် ဆေးများသောက်ခြင်းကြောင့်
အသက်ဆုံးရှုံးခြင်း အပါအ၀င် အခြားသော ဘေးထွက်ဆိုးကျိုးများ ခံစားရတတ်ပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

Estrogen အကျိုးများပြပုံ



ဟိုမုန်းကုထုံးများနဲ့ ကုသတော့မယ် ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ သွားရောက် ဆွေးနွေး ပြသသင့်ပါတယ်။ ဟိုမုန်းဆေးများ
အလွန်အကျွံသောက်ခြင်းဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်
အခြားတစ်ဖက်ကကြည့်ရင် အမျိုးသမီးများအတွက် ဆက်ဆံရေး ကောင်းမွန်ပြီး
အရည်အချင်း ပြည့်မှီတဲ့ ဆရာဝန်များကို တွေ့ဖို့ခဲယဉ်းပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများwww.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ဆီလီကွန် ရငိသား


www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများwww.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ဆီလီကွန် တင်


"ဆီလီကွန်ကို ခန္ဓာကိုယ်ထဲ ဘယ်တော့မှ မထိုးထဲ့ပါနဲ့။ ဒီလိုလုပ်ခြင်းကြောင့် ကူးစက်ရောဂါများ၊ အရေပြားရောများနဲ့ ပတ်သတ်တဲ့ ရောဂါများကို ခံစားရတတ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ ထိုးထားတဲ့ ဆီလီကွန်များဟာ
တခြားနေရာများကို ရောက်သွားပြီး ကြီးမားတဲ့ အဖုအပိန့်ကြီးတွေ
ဖြစ်ပေါ်စေတတ်ပါတယ်။ ရင်သားကြီးစေဖို့အတွက် ထိုးလိုက်တဲ့ ဆီလီကွန်များဟာ
တခါတရံမှာ နှစ်ခုပေါင်းသွားပြီး ရင်ဘတ်မှာ အလွန်ကြီးမားတဲ့ အဖုကြီးကို
ဖြစ်ပေါ်စေတတ်ပါတယ်။"

နောက်တစ်ချက်က ရင်သားမြန်မြန်ကြီးချင်တဲ့အတွက် ဟိုမုန်းဆေးများကို များများသောက်ဖို့ မလိုပါဘူး။ ဒီလို များများသောက်ခြင်းကြောင့် ရင်သားများ
မြန်မြန်မကြီးနိုင်ပါဘူး။ ဟိုမုန်းကုထုံးများမှာ ပုံမှန်အားဖြင့်
အချိန်ပေးရပါတယ်။ ဟိုမုန်းဆေးများ အလွန်သောက်ခြင်းကြောင့် အခြား
မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်ုး ဖြစ်ပေါ်စေပါတယ်။ ဥပမာအားဖြင့်
ဟိုမုန်းဆေးများ သောက်ခြင်းကြောင့် အသည်းကို မြန်မြန် ပျက်ဆီးစေပါတယ်။
ဒါကြောင့် နောက်ပိုင်းမှာ ဟိုမုန်းကုထုံးများနဲ့ ဆက်လက်ကုသ ချင်ပေမယ့်လည်း
မကုသနိုင်တော့ပါဘူး။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ထိရောက်သော ဟိုမုန်းကုထုံးများမှာ အမျိုးသမီးများအနေနဲ့ အမျိုးသမီးဟိုမုန်း (Estrogens) နဲ့ အမျိုးသားဟိုမုန်းလျှော့ဆေး
(Anti-Androgens) တွေကို ပေါင်းပြီး သောက်သင့်ပါတယ်။ အမျိုးသမီး
ဟိုမုန်းများဟာ မိန်းကလေးတစ်ဦးအသွင် ပိုမိုပေါ်လွင်အောင်
ဆောင်ရွက်ပေးပါတယ်။ အမျိုးသမီး ဟိုမုန်းများကြောင့် ရင်သားများနဲ့
နို့သီးခေါင်းများ ကြီးလာစေပါတယ်။ အမျိုးသားဟိုမုန်း တားဆေးများ
သောက်ခြင်းကြောင့် မိမိ ခန္ဓာကိုယ်ထဲက အမျိုးသားဟိုမုန်းများကို
လျှော့ကျစေပါတယ်။ ၄င်းဟိုမုန်းတားဆေးများက မိမိတို့ခွဲစိတ်ကုသပြီး
ဝှေးစေ့ထုတ်ပြီးသော်လည်း ဆက်လက်ထွက်လာနိုင်တဲ့ ဟော်မုန်းများကို
တားဆီးပေးပါတယ်။ ဒါ့အပြင် ၄င်းအမျိုးသား ဟိုမုန်းတားဆေးများဟာ ခန္ဓာကိုယ်
နဲ့ မျက်နှာမှာ ရှိတဲ့ အမွှေးအမျှင်များကို လျှော့ချပေးပါတယ်။


www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

တခါတရံမှာ များက ဟိုမုန်းဆေးများကို သကြားလုံးစားသလို သောက်တတ်ကြပါတယ်။ အမျိုးသမီး ဟိုမုန်းဆေးများကို များများသောက်တဲ့ အတွက် မိန်းကလေး
တစ်ယောက်လို မြန်မြန် ဖြစ်လာလိမ့်မယ်လို့လဲ ယုံကြည် တတ်ကြပါတယ်။
ဟိုမုန်းဆေး များများသောက်တဲ့အတွက် မိန်းကလေး တစ်ယောက်လို ချက်ခြင်း
မပြောင်းလဲ နိုင်ပါဘူး။ ဒါကြောင့် ဟိုမုန်း ဆေးများကို အလွန်အကျွံ
သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ


ဟိုမုန်းကုထုံးများက တစ်နှစ်လောက်နေပြီးမှ အာနိသင် ပြတတ်ပါတယ်။ ဟိုမုန်း ကုထုံးများကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး
ပြောင်းလဲသွားမယ်လို့လဲ မဆိုလိုပါဘူး။ ဆိုလိုတာက ဟိုမုန်းကုထုံးများက မူလ
အရိုးဖွဲ့စည်းပုံများ၊ မျက်နှာသွင်ပြင်များ၊ တင်ပါးများ၊
ရှိရင်းအရပ်အမြင့်များ၊ ခြေချောင်း လက်ချောင်းတို့ရဲ့ အရွယ်အစား
စသည်တို့ကို ပြောင်းလဲ မပေးနိုင်ပါဘူး။ ဟော်မုန်းဆေးများ အလွန်အကျွံ
သောက်ခြင်းကြောင့်သာ အသည်းရောဂါ စတဲ့ ဘေးထွက် ဆိုးကျိုးများကို
ခံစားရနိုင်ပါတယ်။ တစ်ခါတရံမှာ မိမိတို့ရဲ့ ကျန်းမာရေးကြောင့်
အခြားဆေးဝါးများ သောက်သုံးနေရခြင်း ဒါမှမဟုတ် အရက်သောက်ခဲ့ဖူးတဲ့
အကျင့်များ ရှိပါက ယခုလို အသည်းပျက်စီးသွားရင် ပိုပြီး ဆိုးဝါးတဲ့ အန္တရာယ်
အခြေအနေများကို ရောက်နိုင်ပါတယ်။


အမျိုးအသမီး ဟိုမုန်းများသောက်ခြင်းကြောင့် အထက်မှာ ပြောခဲ့သလို အသက်ဆုံးရှုံးမှု အပါအ၀င် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်ပါတယ်။
အမျိုးသမီး ဟိုမုန်းများ သောက်ခြင်းကြောင့် စိတ်အပြောင်းအလဲ မြန်ခြင်း၊
ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း၊ ၀က်ခြံများထွက်ခြင်း၊
အသားအရေ မွဲခြောက်ခြင်းနဲ့ သွေးတိုးရောဂါစတဲ့ ရောဂါများကိုလဲ ခံစားရတတ်
ပါတယ်။ အခြား ဘေးထွက်ဆိုးကျိုးများကတော့ မောပန်းနွမ်းနယ်ခြင်း၊
စိတ်ကျခြင်း၊ အ၀လွန်ခြင်း၊ သွေးခဲနိုင်မှုစွမ်းရည် ပုံမှန်မရှိတော့ခြင်း၊
နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊
အသည်းရောဂါဖြစ်ခြင်း၊ အရိုးများဆွေးလာခြင်း၊ အိုမင်းမှုမြန်ဆန်ခြင်း၊
ဦးနှောက်ပျက်ဆီးစေနိုင်ခြင်း နှင့် ကလေးမရနိုင်တော့ခြင်း စတဲ့
ဘေးထွက်ဆိုးကျိုး ရောဂါများကို ခံစားရတတ်ပါတယ်။ ဒါ့အပြင်
သွေးပြစ်ခဲစေနိုင်ခြင်းနှင့် လေဖြတ်ခြင်းစတဲ့ ရောဂါများလဲ ခံစားရတတ်ပါတယ်။
တကယ်လို့ HIV ရောဂါကူးစက်ခံထားရတဲ့ ဝေဒနာရှင် တစ်ယောက်ဖြစ်ပါက
ဟိုမုန်းဆေးများ မသောက်ခင် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရသင့်ပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ဒါကြောင့် အမျိုးသမီးဟိုမုန်းများကို မဆင်ခြင်ပဲ ပေါ့ပေါ့တန်တန် မသောက်သုံးသင့်ပါဘူး။ သောက်သုံးမှု ပမာဏက အမျိုးသမီးတို့ရဲ့ အသက်၊
ခန္ဓာကိုယ်အရွယ်၊ ဆေးလိပ်သောက်သုံးသော အကျင့်များနဲ့
လိင်အင်္ဂါခွဲစိတ်ထားမှုတို့ အပေါ်မှာ မူတည်ပြီး ကွဲပြားတတ်ပါတယ်။ ဒါ့အပြင်
အမျိုးသမီး ဟိုမုန်းဆေးများနဲ့ အမျိုးသား ဟိုမုန်းတားဆေးများ တွဲပြီး
သောက်သုံးခြင်း အပေါ်မှာလဲ မူတည်ပါတယ်။ အမျိုးသား ဟိုမုန်းတားဆေးများက
အမျိုးသမီးဟိုမုန်းများ အလုပ်လုပ်နေချိန်မှာ ယောကျာ်းဟိုမုန်းများ
ထပ်မထွက်အောင် တားဆီးပေးပါတယ်။ နောက်တစ်ခု သတိပြုသင့်တဲ့ အချက်က
တခါတရံမှာ အမျိုးသမီးများဟာ ကိုယ်ဝန်တားဆေးများကို သုံးစွဲလေ့ရှိပါတယ်။
ကိုယ်ဝန်တားဆေးများ သောက်ခြင်းဟာ ဟိုမုန်းဆေးများ သောက်ခြင်း၊
ဟိုမုန်းကုထုံးများ ကုသခြင်းတို့နဲ့ မတူညီဘူးဆိုတဲ့ အချက်ပါပဲ။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ကိုယ်ဝန်တားဆေးများမှာ အခြားအမျိုးသမီးဟိုမုန်းဆေး တစ်မျိုးကို ထည့်ထားပါတယ်။ ကိုယ်ဝန်တားဆေးများမှာပါတဲ့ အဲဒီဟိုမုန်းဆေးများမှာ
ဘေးထွက်ဆိုးကျိုးများစွာ ခံစားရနိုင်ပါတယ်။ ဒါကြောင့်
မိန်းကလေးလိုဖြစ်အောင် ကိုယ်ဝန်တားဆေးများကို သောက်သုံးခြင်းဟာ မမှန်ကန်တဲ့
နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်ဝန်တားဆေးများ
သောက်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ဟိုမုန်းကုထုံးများဖြင့်သာ ကုသမှု
ခံယူသင့်ပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ဟိုမုန်းကုထုံးများနဲ့ ဆေးကုသမှုခံယူရင် အများအားဖြင့် အောက်မှာဖေါ်ပြထားတဲ့အတိုင်း ဆရာဝန်တွေက ပေးလေ့ရှိပါတယ်။


ဆေးစသောက်သည့်

ပမာဏ

ပုံမှန်ဆေးသောက်သင့်သည့်

ပမာဏ

အများဆုံးသောက်သင့်သည့်

ပမာဏ

အမျိုးသားဟိုမုန်းတားဆေး (Spironolactone)

၂၅ - ၅၀ မီလီဂရမ်

တစ်နေ့နှစ်ကြိမ်

၅၀ မီလီဂရမ်

တစ်နေ့နှစ်ကြိမ်

၂၀၀ မီလီဂရမ်

တစ်နေ့နှစ်ကြိမ်

အမျိုးသမီးဟိုမုန်းဆေး

(Premarin)

၁.၂၅ - ၂.၅ မီလီဂရမ်

တစ်နေ့တစ်ကြိမ်

၅ မီလီဂရမ်

တစ်နေ့တစ်ကြိမ်

၁၀ မီလီဂရမ်

တစ်နေ့တစ်ကြိမ်

တစ်ချို့ အမျိုးသမီးများဟာ ဟိုမုန်းဆေးများ သောက်ပြီးပြီးခြင်း ရင်သားများ ကြီးလာစေချင် တတ်ကြပါတယ်။ ရင်သားကြီးမှုတွေဟာ လူတစ်ယောက်နဲ့
တစ်ယောက် မတူညီပါဘူး။ အတော်များများကတော့ တစ်လနှစ်လ အတွင်းမှာပဲ ရင်သားများ
တက်လာကြပါတယ်။ ဒါပေမယ့် တချို့လူများကတော့ ရင်သားများ ကြီးလာစေဖို့
တစ်နှစ်လောက် အချိန်ယူရတာလဲ ရှိတတ်ပါတယ်။

www.monetine999.com ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ

ဟိုမုန်းဆေးများ သောက်ခြင်းဟာ ဟိုမုန်းထိုးခြင်းများထက် ပိုပြီး အန္တရာယ်ကင်းပါတယ်။ ဟိုမုန်းဆေးများ ထိုးခြင်းကြောင့် မိမိရဲ့ရင်သားများ
မြန်မြန် မကြီးလာနိုင်ပါဘူး။ ဒါကြောင့် ဟိုမုန်းများ ထိုးခြင်းကို
အတတ်နိုင်ဆုံး မလုပ်သင့်ပါဘူး။ နောက်တစ်ခု မှတ်ထားရမှာက ဟိုမုန်းထိုးစဉ်
ဆေးထိုးအပ်ကို မျှဝေမသုံးမိစေဖို့ပါပဲ။ ဆေးထိုးအပ်ကို အတူတကွ
မျှဝေသုံးစွဲမိတာတို့ ဒါမှမဟုတ် သုံးပြီးသား ဆေးထိုးအပ်ကို
ပြန်ပြီးသုံးစွဲမိသောအခါ HIV နဲ့ အသည်းရောင်ရောဂါ စတဲ့ ကူးစက်ရောဂါများနဲ့
ဆေးယဉ်ပါးခြင်းစတဲ့ ဆိုးကျိုးများကို ခံစားရတတ်ပါတယ်။ ဒါကြောင့်
ဆေးထိုးအပ်ကို ဘယ်တော့မှ အတူမသုံးစွဲသင့်ပါဘူး။ မိမိအပ်နဲ့ မိမိသာ
သုံးစွဲသင့်ပါတယ်။

ဒါဆို အန္တရာယ်ကင်းအောင် ဟိုမုန်းဆေးများဘယ်လိုထိုးသင့်ပါသလဲ။

  • ဟိုမုန်းဆေး ပုလင်းအ၀ကို အရက်ပြန်ဖြင့် သန့်ရှင်းအောင်လုပ်ပါ။
  • ပြီးရင် ဆေးထိုးအပ်ထဲအား 1 cc ပမာဏရောက်အောင် ထည့်ပါ။ ဒီပမာဏကတော့ ဆရာဝန်အများစု ညွှန်ကြားတဲ့ ပမာဏဖြစ်ပါတယ်။
  • ၄င်းနောက် ဆေးထိုးအပ်ထဲမှာ လေကုန်သွားစေဖို့ ဆေးထိုးအပ်ကို ဒေါင်လိုက်ထောင်ပြီး ဆေးထိုးအပ်ဖင်ပိုင်းကို အပေါ်သို့ တွန်းတင်ပါ။
  • ဆေးထိုးအပ်ဖင်ပိုင်းကို အပ်ထိပ်ဖျားမှ ဆေးရည်အနည်းငယ် ထွက်လာသည်အထိ တွန်းတင်ပါ။
  • ဆေးထိုးမည့် နေရာတ၀ိုက်ကို အရက်ပြန်ဖြင့် သန့်ရှင်းပါ။
  • သွေးကြောနှင့် အရိုးနေရာများကို ရှောင်ကြဉ်ပါ။
  • ပေါင်တွင်ထိုးမည်ဆိုပါက ပေါင်အရှေ့ပိုင်းနေရာဖြစ်တဲ့ တင်ပါးနဲ့ ဒူးခေါင်း ကြားနေရာကိုထိုးပါ။
  • အပ်ကို မစောင်းအောင် သတိထားပြီး အတည့်အနေအထားဖြစ်အောင် ထိုးပါ။
  • အပ်ကိုထိုးပြီးပါက ဆေးထိုးအပ်အတွင်းသို့ သွေးရောက်မရောက်သိစေရန် ဆေးထိုးအပ်ဖင်ပိုင်းကို အပေါ်နည်းနည်း ဆွဲတင်ကြည့်ပါ။
  • တကယ်လို့ အပ်ထဲကို သွေးအနည်းငယ် ၀င်လာပါက သွေးကြောတစ်ခုခုအား ထိမိလို့ဖြစ်ပါတယ်။ သွေးဝင်လာရင် အပ်ကိုပြန်ထုတ်ပြီး အခြားတစ်နေရာသို့
    ပြောင်းထိုးပါ။
  • တနေရာပြောင်းထိုးတိုင်း အထက်မှာပြောခဲ့တဲ့ နည်းအတိုင်း လုပ်နိုင်ပါတယ်။

ဆေးမထိုးခင် သတိထားရမှာက ဆေးသောက်ခြင်းဟာ ဆေးထိုးခြင်းထက် ပိုပြီး အန္တရာယ်ကင်းတယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ဟိုမုန်းဆေးများ သောက်ခြင်းရဲ့
အဓိက အကျိုးဆက်တွေကို ပြောပြချင်ပါတယ်။

  • မျိုးပွားမှုနဲ့ "ကျား" လိင်စိတ်ထက်သန်မှုကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။
  • ရင်သားဖွံ့ဖြိုးလာမယ်။ နို့သီးထိပ် ပိုကြီးလာပြီး နို့သီးခေါင်းပိုမည်းလာပါမယ်။ ဒါပေမယ့် ရင်သားအရွယ်အစားဟာ မျိုးရိုးနဲ့ သက်ဆိုင်တာမို့ များသောအားဖြင့်
    ကိုယ့်ဆွေမျိုးထဲက အမျိုးသမီးတွေထက် မကြီးတဲ့ ရင်သားလောက်ပဲ
    အလွန်ဆုံး ဖွံ့ထွားနိုင်မှာပါ။ တစ်ချို့ကတော့ ရင်သားကြီးအောင်
    ခွဲစိတ်မှုတွေ လုပ်တတ်ကြပါတယ်။
  • မျက်နှာနဲ့ ခန္ဓာကိုယ်က အဆီတွေ ပြောင်းလဲပျံ့နှံ့ကုန်ပြီး ပါးပြင်ဖေါင်းဖေါင်း၊ ပြေပျစ်တဲ့ မျက်နှာအကျ တို့နဲ့ မိန်းမပိုဆန်လာစေပါတယ်။ ရေရှည်မှာ ခါးက အဆီတွေဟာ
    တင်ပါးဆုံနဲ့ တင်သားတွေဆီကို ရွေ့သွားပြီး မိန်းမဆန်တဲ့
    ကိုယ်လုံးကိုယ်ပေါက် ရရှိစေပါတယ်။
  • ခန္ဓာကိုယ်က အမွှေးထွက်လာတာ နည်းလာမယ်။ အမွေးတွေရဲ့ အရောင်တွေ ဖျော့လာပြီး အမွှေးတွေကလဲ နူးညံ့လာပါတယ်။ မျက်နှာမှာထွက်တဲ့ အမွှေးတွေမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု
    မရှိပါဘူး။ ဆံပင်သားနဲ့အထူကို တစ်ခါတစ်ရံ ပိုမိုကောင်းလာစေပြီး
    ယောကျာ်းတွေလို ထိပ်ပြောင်တွေမျိုးတွေ ဖြစ်ခဲလာပါတယ်။
  • တစ်ချို့ကတော့ အထိအတွေ့အာရုံနဲ့ ခံစားမှုတွေ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ အထိအတွေ့နဲ့ အနံ့အာရုံတွေ ပိုကောင်းပြီး ပိုပြီးလဲ စိတ်လှုပ်ရှား
    လာတတ်ကြပါတယ်။ ဟိုမုန်းကုထုံးစပြီး ကိုယ်ခန္ဓာ အပြောင်းအလဲ
    ဖြစ်လာပြီဆိုရင် စိတ်အပြောင်းအလဲ မြန်တတ်တာ ပုံမှန်ပါပဲ။

နောက်တစ်ပါတ်မှာ အမျိုးသမီးများနဲ့ ပါတ်သတ်ပြီး လိင်ပြောင်းလဲခွဲစိတ်တာတွေ၊ အခွင့်အရေးတွေ၊ HIV နဲ့ ဟော်မုန်းဆေးများ ဆက်နွယ်မှု စတာတွေကို
ဖေါ်ပြပေးပါ့မယ်။

သို့ဖြစ်ပါသော်ကြောင့် ပိုမိုလှပစေရန် သောက်သုံးကြသော် အမျိုးသမီးဟိုမုန်းဆေးများ
အကြောင်းသည် အမျိုးသမီးများ ကျန်းမာရေးရှုထောင့်မှ အသိပညာတိုးပွားစေရန် အတွက်သာ လိုအပ်ပါသော်ကြောင့် ဖိုမသဘာဝ
အသိပညာပေးတစ်ခုအနေနှင့်ရေးသားတငိထားလိုက်ရပါသည်...

Ref:http://heartcorps.com/journeys/surgery.htm

http://www.johnleemd.com/store/premenstrual_syndrome.html

http://www.ehow.com/how_2090802_use-estrogen-cream.html



No comments:

Post a Comment