Wednesday, February 2, 2011

Fwd: ရောက်တက်ရာရာ ဟာသလေးတွေပါ အသက်ရှူခြင်း ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့ လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။ စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။ ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တ

အသက်ရှူခြင်း

ရန်ကုန်မန္တလေး ဘတ်စ်ကားကြီးနဲ့ စီးလာလိုက်ကြတာ မောင်းပြီး၃ နာရီလောက်ကြာတော့
လမ်းမှာ ဟိုင်းလတ် ကားလေးတစ်စီး ရပ်ထားတာတွေ့တ ယ် ။
စက်ဖုံးကြီးလဲဖွင့်လို့ပေါ့ ။
ငပွေးက တင်အောင်ကိုလှမ်းမေးတယ် ။ "ဟေ့ကောင်ဟိုကားဘာဖြစ်တာလဲ"

တင်အောင်လည်း ရွာမှာဆရာကြီးဆိုတော့ ...
"အ ပါ့ကွာ ..သူလဲဒီလောက်အဝေးကြီးပြေးလာရတာ မောလို့ ပါစပ်ဟပြီးအသက်ရှုနေတာပေါ့ကွ"

ငပွေး အူကြောင်ကြောင်ဖြစ်ပြီး ရပ်ထားတဲ့ကားကိုတအံ့တသြ ကြည့်နေရှာတယ်။
       ။

 

ကြိုတင်သတိပေးချက်

 

"ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ"
"ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ"
"ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အေင်မြင်ပါတယ်။

တစ်နေ့ရောင်းကြေးဟာ နှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်"
"မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး"
"ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလော င်နေပါတယ်။ ခင်ဗျားတို့ မီးလာသတ်ရင်

ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ"။

 

 

ဖေဖေကော ဘယ်တော့လဲ

 

"မေမေ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျ သိလား"
"နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ"
"ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်"။

 

 

ပြောမိတာ မှားပါတယ်

 

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။
``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´


ကျောင်းသားက ပျာပျာသလဲနဲ့…
``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။


တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း
``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´

တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…
``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´


တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။
``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´။  


ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

--

No comments:

Post a Comment