Wednesday, October 6, 2010

Fwd: မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀

မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀

>>
>>     က) အခုအစီအစဉ်ကတော့ ၂၀၁၀ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်လေးများကို ဥာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အခုဖြေဆိုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက စိတ်အရမ်းကို လှုပ်ရှားနေတယ် ထင်တယ်....မျက်နှာက ငိုမလို ရယ်မလိုနဲ့။
>>
>>     ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုံးသွားရင် မရှိတဲ့အရှက် ကွဲရချည်ရဲ့။
>>
>>     က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနို်င်ငံမှာ အမြဲတမ်း စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ ဘာကြောင့်လည်း ဆိုတာဖြေပါ။
>>
>>     ခ) မြန်မာနိုင်ငံမှာ အမြဲတမ်း အစိမ်းလန်းဆုံး ဖြစ်နေတဲ့ အရာကတော့ စစ်တပ်ရဲ့ ယူနီဖောင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ သစ်ပင်တွေတောင် အမြဲတမ်း မစိမ်းနိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပိာုး...လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကနေ အခုထိ အာဏာ တည်မြဲနေပြီး စိမ်းနေတဲ့ စစ်ယူနီဖောင်းတွေက လျော့ဖို့မရှိပဲ တိုးတိုးလာလို့ပဲ ဖြစ်ပါတယ်။
>>
>>     က) ပာုတ်ပါပြီ... ဒုတိယမေးခွန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကို ပြောပြပေးပါ။
>>
>>     ခ) ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်တော့ မသိပါဘူးရှင်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကတော့ ဆင်ဖြူတော်ပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ခေတ်အဆက်ဆက်မှာ ဆင်ဖြူတော်ပိုင်တဲ့ ဘုရင်တွေပာာ ဘုန်းတန်ခိုးကြီးပြီး ရန်အပေါင်းကို အောင်နိုင်စေတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မရှိတဲ့ ဘုန်းတန်းခိုး ကြီးချင်တဲ့အတွက် ဆင်ဖြူတော်ရှာမရလို့ ရှိတဲ့လေယာဉ် ၂ စီးကို ဆေးဖြူသုတ် ဆင်ဖြူတော်လို့ အမည်ပေးပြီး စီးနေလို့ပါပဲ။
>>
>>     က) ပာုတ်ကဲ့ပါ .. တတိယမေးခွန်းကတော့ တိုးတက်မှု တခုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်ပျက်စိးမှု
>>ူ့အခြေအနေတွေကို ဖြေပေးပါ။
>>
>>     ခ) ဒါကတော့လွယ်ပါတယ်ရှင်... စစ်သားဦးရေ တိုးတက်မှုကြောင့် ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြရပါတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်က အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး စစ်တပ်က ပြည်သူတွေကို မကာကွယ်ပဲ ပြည်သူတွေဆီကနေ အမြတ်ထုတ်နေရုံမက မုဒိန်းကျင့်၊ ခိုးဆိုး၊ လုယက်၊ သတ်ဖြတ် စတဲ့ အကြမ်းဖက်မှု
>>ူ့များစွာကိုလည်း ကျူးလွန်နေပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြီးမားလာတဲ့ စစ်တပ်အင်အားနဲ့အတူ ပြန်သူတွေပာာ ပိုပိုပြီး ဒုက္ခတွင်း နက်နေပါတယ်ရှင်။
>>
>>     က) နောက်ဆုံးမေးခွန်းကတော့ ... ဘဝတသက်တာမှာ မမေ့နိုင်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာကို ဖော်ပြပေးပါ။
>>
>>     ခ) ကျွန်မတသက်မှာ အထူးဆန်းဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးကတော့ မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ အခု ကျွန်မအသက် ၂၀ ပြည့်တဲ့အထိ နေကြတ်တာကိုတောင် ၂ ခါ ၃ ခါ ကြုံဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကိုတော့ ကျွန်မ ဘဝတလျှောက် တခါမှကို မကြားဖူးခဲ့ပါဘူးရှင်။ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအတွက် အရမ်းအရမ်းကို ထုူးဆန်း အံ့သြစရာ ကောင်းနေပါတယ်။
>>     ..........
>>     က) ၂၀၁၀ ရဲ့ မြန်မာ့အလှမယ်သရဖူကို ပြိုင်ဘက်မရှိ ရသွားသူကတော့ မ......... ဆည်းဆာဝါဝါပဲ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင် သူ့ရဲ့အဖြေတွေက အရမ်းကို မှန်လွန်းတဲ့အတွက် အထူးဆုအနေနဲ့ စစ်အစိုးရက အင်းစိန်ထောင်အတွင်း ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုင်ခွင့်ကို ထပ်လောင်း ချီးမြှင့်လိုက်ပါတယ်ရှင်။
>>





No comments:

Post a Comment