Sunday, September 26, 2010

တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်



တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်



thettantcho-20100922230357-mwkhxnhyvavuizsoq.jpg

Pingyi မြို့ Shangdong စီရင်စုမှ Tianyu ပြတိုက်ဖြစ်ပါတယ် တနင်္လာနေ့တုန်းက တရုတ်ပြည် အရှေ့ပိုင်း Shandong စီရင်စုမှ
ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ကို ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီးအဖြစ် ဂရင်းနစ်
မှတ်တမ်းတွေက အတည်ပြုလိုက်ကြောင်းပြောဆိုခဲ့ပါတယ် ။ Pingyi
မြို့မှ" The Shangdong Tianyu Museum of Nature" ပြတိုက်ကို ၂၀၀၄ ခုနှစ်
မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီပြတိုက်မှာ ဒိုင်နိုဆောရုပ်ကြွင်းတွေ နဲ့ တခြား
ရှားပါးကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပြသထားခဲ့ပြီး
ကမ္ဘာ့စံချိန်တင်မှတ်တမ်းဝင်ဖို့ ဂျွန်အစောပိုင်းမှာ apply လုပ်ခဲ့ပါတယ် ။
တနင်္လာနေ့မှာတော့ Comfirmation ပြန်ရခဲ့တာဖြစ်ပါတယ် လို့ ပြတိုက်မှ
လက်ထောက်တာဝန်ခံ Yin Shiyin ကပြောဆိုခဲ့ပါတယ် ။ 

thettantcho-20100922230512-mwkhxnhyvavuizsoq.jpg

" ဒီပြတိုက်မှာ ပြသဖို့အတွက် 28000 square meters ကျယ်ဝန်းပြီး ဒိုင်နိုဆော ရုပ်ကြွင်းအစိတ်အပိုင်းပေါင်း ၁၁၀၆ ခု ပါဝင်ပါတယ် တခြား ကျောက်ဖြစ်
ရုပ်ကြွင်းပေါင်း တစ်ထောင်ကျော်ကိုလည်းပြသထားပါတယ် " လို့ လန်ဒန်အခြေစိုက်
အေဂျင်စီမှ ပြောဆိုခဲ့ပါတယ် ။
ဒိုင်နိုဆောရုပ်ကြွင်းတွေဟာ အကောင်လုံးပြည့်ရုပ်ကြွင်းတွေဖြစ်ပြီး
အဲဒီအထဲမှာ psittacosaurid ရုပ်ကြွင်း ၃၆၈ ခု dromaeosaurid ရုပ်ကြွင်း ၃၉၁
ခု Anchiornis ရုပ်ကြွင်း ၂၅၅ ခု ၊ Jeholosaurus ရုပ်ကြွင်း ၂၂ ခု နဲ့
အခြား ရှားပါး ဒိုင်နိုဆောရုပ်ကြွင်း ၇၀ ကိုပြသထားပါတယ်လို့ Institute of
Vertebrate Paleontology and Paleoanthropology of the Chinese Academy of
Sciences ကဒီ Certification စာတမ်းမှာ ဖော်ပြထားပါတယ် ။

thettantcho-20100922230531-mwkhxnhyvavuizsoq.jpg

ဒါ့အပြင် Tianyu ပြတိုက်မှာ တခြားရှားပါး ငှက်တွေ ငါးတွေရဲ့ 
ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း ပြသထားပါသေးတယ် ။ ဒီစံချိန်သစ်မရခင်မှာတော့
ဒီပြတိုက်ဟာ တခြား ကမ္ဘာ့ စံချိန် ငါးခု တင်ခဲ့ပါသေးတယ် ။ အဲဒါတွေကတော့ 
Longest Silicified Wood Fossil , Biggest Sinosauropteryx Fossil , 
Biggest Amethyst Cave စသည်တို့ဖြစ်တယ်လို့ Yin ကပြောဆိုခဲ့ပါတယ် ။ 

အသိအမှတ်ပြု အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ် ။
ဂရင်းနစ်မှတ်တမ်းရုံးချုပ်မှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ Yin
ကဆက်လက်ပြောဆိုခဲ့ပါတယ် ။ 

thettantcho-20100922230546-mwkhxnhyvavuizsoq.jpg

thettantcho-20100922230606-mwkhxnhyvavuizsoq.jpg

thettantcho-20100922230646-mwkhxnhyvavuizsoq.jpg

thettantcho-20100922231018-mwkhxnhyvavuizsoq.jpg

thettantcho-20100922231119-mwkhxnhyvavuizsoq.jpg



သက်တန့်ချို
23 September 2010


No comments:

Post a Comment